ခရီး ...
နီးမည် ဝေးမည်၊ ငါသည် မသိ။
လမ်း ...
ကြမ်းမည် ကောင်းမည်၊ ငါသည် မတွေး။
ရာသီ ...
သာမည် ဆိုးမည်၊ ငါသည် မတွက်။
သည်နေရာက၊ ခွာမှ ဖြစ်မည်
ငါယုံကြည်၏၊ မိနစ်ထက်ဝက်
ဆက်နေမရ၊ စိတ်ဆန္ဒက
ပြင်းပြ၍သာ၊ ငါထွက်လာခဲ့
ဘာပြင်ဆင်မှု၊ တစ်ခုမရှိ။
အဆီးအတား၊ များလည်း ရှေ့ဆက်
တစ်ရက်မရောက်၊ တစ်လလျှောက်မည် …
ပေါက်တဲ့ခရီး၊ တဆစ်နီးပြီ
ငါ့ ယုံကြည်ချက်၊ ငါ့ အသက်လေ …
ငါ့ ယုံကြည်ချက်၊ ငါ့ လက်နက်လေ …
နေရာဟောင်းမှာ၊ ငါသည် မနေ
သွားရင်း သေအံ့ … ။ ။
#မောင်စိန်ဝင်း (ပုတီးကုန်း)
No comments:
Post a Comment