Saturday, July 25, 2020

ဆန္ဒ

ဘေးအန္တရာယ် အသွယ်သွယ်တို့မှ

ကင်းဝေးပါစေကြောင်း ဆုမတောင်းလို

၎င်းတို့ကို ရင်ဆိုင်နိုင်ရန်အတွက်သာ

အကြောက်အရွံ့ ကင်းရပါလို၏။


ဝေဒနာမှ 

သက်သာရာရစေကြောင်း မတောင်းဆိုချင်

ဝေဒနာကို အောင်နိုင်အောင် 

ခံနိုင်စွမ်းရည်ကိုသာ ရချင်ပါ၏။


ဘဝစစ်မြေပြင်တွင် 

မဟာမိတ်များကို မရှာဖွေချင်

ကိုယ်ပိုင်စွမ်းအားကိုသာ ရယူအားကိုးချင်ပါ၏။


ကယ်တင် ,စခြင်း ခံရရန်

စိုးရိမ်ကြောက်ရွံ့မှုဖြင့် မတောင်းတလို

လွတ်လပ်မှုကိုရရှိရန် 

သည်းခံနိုင်စွမ်းကိုသာ မျှော်လင့်၏။


တစ်ကိုယ်တော် အောင်မြင်မှုအတွက်

သင်၏ သနားကရုဏာကို ခံယူနေရသည့်

သတ္တိကြောင်သူတစ်ဦး မဖြစ်အောင်

ကူညီ စောင်မတော်မူပါ။


ရှုံးနိမ့်သော အခါတွင်မူ 

သင့်လက်ကို ဆုပ်ကိုင်ထားနိုင်ခွင့်

ရရှိသောသူ ဖြစ်ရပါလို၏။


(ဆန္ဒ)


#ရာဘင်ဒြာနတ်တဂိုး





No comments:

Post a Comment

ဆန္ဒ

ဘေးအန္တရာယ်   အသွယ်သွယ်တို့မှ ကင်းဝေးပါစေကြောင်း   ဆုမတောင်းလို ၎င်းတို့ကို   ရင်ဆိုင်နိုင်ရန်အတွက်သာ အကြောက်အရွံ့   ကင်းရပါလို၏။ ဝေဒနာမှ   ...