တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တတောင် ဆုံးပြန်တော့
တလုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်၊
ခါတလေ တကယ်ပမ်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူး
ရပ်တမ်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်ပါ့မလား
စခဲ့မိဟာပေါ့ ...
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နဲ့
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား......။
#ငွေတာရီ
No comments:
Post a Comment