Friday, May 8, 2020

ငှက်တို့၏ တေး

🦅🦅🦅🦅🦅


မလိုက်ရဲရင်တော့

အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။


တစ်နေ့နီးမှာပေါ့

ရှေ့ခရီးမျှော်  မာန်တင်းပါကွယ့်

ငှက်ဆိုတာကတော့ … ) ပျံရင်းသေ။


ကဆုန်စိုင်းသလိုပေါ့

မုန်တိုင်းက ရှေ့မှာ မွှေ

တောမီးတွေက ရှေ့မှာ  ဝိုင်း။


ခြင်္သေ့က မြက်မစား

ကျားက ကြွက်မချောင်း

ဖွတ်တွေက မိကျောင်းလို မနေ

အိုးဝေ … အိုးဝေ … တွန်သံနှောလေတဲ့

စိမ်းမြညို  ဟောဟိုတောဆီသို့

အမောခံ  ဇောမာန်တင်းပါလို့

ပျံရင်းသေ ခရီးဆက်မယ် … တဲ့

အဲဒါ … )

ငှက်တို့သမိုင်း   


မောင်စိန်ဝင်း (ပုတီးကုန်း)






No comments:

Post a Comment

ဆန္ဒ

ဘေးအန္တရာယ်   အသွယ်သွယ်တို့မှ ကင်းဝေးပါစေကြောင်း   ဆုမတောင်းလို ၎င်းတို့ကို   ရင်ဆိုင်နိုင်ရန်အတွက်သာ အကြောက်အရွံ့   ကင်းရပါလို၏။ ဝေဒနာမှ   ...